မန်ချက်စတာစီးတီးအသင်းနည်းပြ ရောဘာတို မန်ချီနီက ကွင်းလယ်တောင်ပံကစားသမား ရှော်န်ရွိုက်ဖိလစ် (Shaun Wright-Phillips) အနေနဲ့ အသင်းပြောင်းချင်ရင် ပြောင်းနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နည်းပြ မန်ချီနီက ရွိုက်ဖိလစ်အနေနဲ့အခု ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်သွားနိုင်ချေရှိတယ်လို့ ၀န်ခံပြောကြားလိုက်ပြီး၊ ရွိုက်ဖိလစ်ကိုလိုချင်လို့ နောက်ကလိုက်နေတဲ့ အသင်းတွေအတော်များများရှိတယ်လို့ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းမှာ ထူးချွန်တဲ့ကစားသမားတွေများနေတာကြောင့် ရွိုက်ဖိလစ်ဟာ ပုံမှန်နေရာမရဘဲဖြစ်နေတာပါ။

အသင်းဘယ်နောက်ခံလူ ၀ိန်းဘရစ်ခ်ျ (Wayne Bridge) ဟာ ၀က်စ်ဟမ်း (West Ham United) အသင်းကို ဗုဒ္ဓဟူးနေ့က ပြောင်းသွားပြီး၊ ရှေ့တန်းတိုက်စစ်မှူး အာဒီဘာယော နဲ့  ရိုကေးဆန်တာခရုဇ်တို့လည်း အသင်းကနေ ပြောင်းရွှေ့နိုင်ဖွယ်ရှိပါတယ်။