ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလားဘောလုံးပြိုင်ပွဲရဲ့ စနေနေ့က ကစားသွားတဲ့ ကွာတားဖိုင်နယ်မှာ သြစတြေးလျအသင်းက လက်ရှိချန်ပီယံ အီရတ်အသင်းကို အချိန်ပိုမှာ ၁ ဂိုး ဂိုး မရှိ နဲ့ နိုင်သွားပါတယ်။ သြစတြေးလျအသင်းအတွက် အနိုင်ဂိုးကို Harry Kewell က ပွဲပြီးခါနီး ၃ မိနစ်မှာ သွင်းခဲ့တာပါ။

တခြားပွဲမှာလည်း တောင်ကိုရီးယားအသင်းက အီရန်အသင်းကို  အချိန်ပိုမှာ သွင်းတဲ့ ၁ ဂိုး တည်း နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်သွားပါတယ်။ တောင်ကိုရီးယားအသင်းအတွက် ဂိုးကိုတော့ ၁၀၇ မိနစ်မှာ နံပါတ် ၈ ဘစ်ဂါရမ်က သွင်းသွားခဲ့တာပါ။

ဆီးမီးဖိုင်နယ်မှာတော့ သြစတြေးလျ နဲ့ ဥစဘက်ကစ္စတန် ၊ တောင်ကိုရီးယား နဲ့ ဂျပန် တို့ကစားရမှာဖြစ်ပါတယ်။