Latest Entries »

Manchester United beat Liverpool

Manchester United beat Liverpool in FA Cup 3rd Round. It’s always nice to win against the kop … Red Devils were ahead within a few minutes after kick-off. Liverpool defender Daniel Agger fouled Dimitar Barbatov inside the 18 yards box. Although it was a soft touch, Referee Howard Webb pointed to the spot, and it was really harsh decision for Liverpool. United Veteran Ryan Giggs, step up to take the penalty and cooly slotted to the right side of the net.

Red Devils had a good game although Liverpool showed some impressive displays before Gerrard had been sent off. But Liverpool were in troubled when Captain Gerrard tackled Carrick with his both feet above the ground and Howard Webb gave a marching order.

Johny Evans’ header from left corner beat everyone but the upright. It was a massive relief for the Kops Pepe Reina was the hero for Liverpool that he saved many goal-mouth incidents from United. Later in the second half, Ferguson introduced former Liverpool’s hero Michael Owen to kill the game. Although Owen didn’t scored against his former team, he’s so impressive with his movements and attacking plays. He played in a deep position and made some impressive movements in front of England Manager Fabio Capello. If he keeps playing like this, Fabio Capello will select him for upcoming games for England.

I saw some positive signs in Liverpool Team under Kenny Daglish … ! But it’s too bad Roy Hodgson didn’t get enough time …. Nowadays, Football clubs are crazy and they are not patient with Managers.

Overall, it was a deserved victory for United and Ferguson.

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်က ဒေးဗစ်ဘက်ခမ် အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့တာတွေအပေါ်မှာ ချီးကျူးပြောကြားလိုက်ပါတယ်။

အင်္ဂလန်နည်းပြ ဖယ်ဘီယို ကာပယ်လိုက ၂၀၁၂ ခုနှစ် ဥရောပဖလားခြေစစ်ပွဲတွေအတွက် နာမည်ကျော် အင်္ဂလန်ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ကို အင်္ဂလန်အသင်းအတွက် ရွေးချယ်တော့မှာမဟုတ်ဘူးလို့ ပြောလိုက်ပြီးတဲ့နောက် သူက အခုလို ပြောဆိုလိုက်တာပါ။

“ အားကစားမှာ အလွန်ကို စံပြအတုယူလောက်တဲ့ ပုဂ္ဂိုလ်လို့ ကျနော်ထင်တဲ့လူတစ်ယောက်ကို ဂုဏ်ပြု ပြောဆိုဖို့အတွက် အခွင့်အရေးကို ကျနော်အနေနဲ့ ယူလိုက်ချင်တာပါ။ ကျနော်တို့အားလုံး သူ့ရဲ့ အလွန်ကောင်းတဲ့ ဖရီးကစ်ကန်ချက်တွေ နဲ့ သူတာဝန်ယူပြီး ဦးဆောင်ကစားသွားပေးခဲ့တဲ့အရေးကြီးတဲ့အချိန်တွေကို ကျနော်တို့ အားလုံး သတိရနေကြမှာပါ။ ”

“ အင်္ဂလန်အသင်းအတွက် သူ နောက်ထပ် မကစားတော့မှာ မဟုတ်တဲ့အတွက် လူတွေအတော်များများ ၀မ်းနည်းနေမယ်ဆိုတာ ကျနော်ကျိန်းသေပြောရဲပါတယ်။  ဒါပေမဲ့ ၀န်ကြီးချုပ်ရာထူးကို တာဝန်ယူခဲ့တဲ့ ပထမ ၃ လအတွင်းမှာပဲ ကျနော် တချို့ဟာတွေကို လေ့လာခဲ့ရပါတယ်။ အဲဒီထဲကတခုက အင်္ဂလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ နည်းပြကိုခွင့်ပေးရမှာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ကျနော်ကို တိုင်းပြည်ကို ဦးဆောင်ဖို့ ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ”

အင်္ဂလန်နည်းပြ ကာပယ်လိုက အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက် အသက်ကြီးလွန်နေပြီဖြစ်တာကြောင့် သူ့အနေနဲ့ ဒေးဗစ်ဘက်ခမ်းကို ယူရို ၂၀၁၂ ခြေစစ်ပွဲတွေအတွက် ထည့်သွင်းရွေးချယ်တော့မှာမဟုတ်ဘူးလို့ ဟန်ဂေရီ နဲ့ ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

အင်္ဂလန် နည်းပြ ကာပယ်လိုကတော့ ဒေးဗစ်ဘက်ခမ်းကို အင်္ဂလန်အသင်းအတွက် နောက်ဆုံးပွဲ တစ်ပွဲပေးကစားပြီးတော့ နှုတ်ဆက်ပွဲလုပ်မယ်လို့ ဆိုပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ကစားဖို့ စီစဉ်နေတဲ့ ပြင်သစ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဒေးဗစ်ဘက်ခမ်းကို နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ကစားခွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ဒေးဗစ်ဘက်ခမ်းကစားပေးတဲ့ ၁၁၆ ပွဲမြောက် ဖြစ်လာမှာပါ။

ဝင်ဘလေ (Wembley) မှာ ကစားသွားတဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက ဟန်ဂေရီ အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ၂ ဂိုးစလုံးကို စတီဗင် ဂျာရာ (Steven Gerrard) က သွင်းခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ကမ္ဘာ့ဖလားပွဲကို လိုက်ပါသွားတဲ့ ကစားသမား ၈ ယောက်ကို ပွဲအစမှာ ထည့်သွင်းကစားသွားပြီးတော့၊ အသစ်တွေထဲက အဒမ်ဂျွန်ဆင်၊ သီယိုဝေါလ်ကော့ နဲ့ ဖီးလ် ဂျာဂီယဲလ်ကာ တို့ ၀င်ကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးမသွင်းနိုင်ပဲ သရေ ကျခဲ့ပြီး၊ ဒုတိယပိုင်းပြန်စလို့ ၆၂ မိနစ်မှာ အင်္ဂလန်နောက်တန်းက Phil Jagielka ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဟန်ဂေရီအသင်းက ဦးဆောင်ခဲ့ပါတယ်။ ဒီ ဂိုးကြောင့် အင်္ဂလန်အသင်းဟာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်တာတွေခံရပြီးတော့၊ ဖိအားတွေ ပိုပြီးတော့ များလာခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ချေပဂိုးကိုတော့ ၆၉ မိနစ်မှာ စတီဗင်ဂျရာက ပယ်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့လို့ ချေပဂိုးရသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ၇၃ မိနစ်မှာ စတီဗင် ဂျရာ ကပဲ ဟန်ဂေရီနောက်တန်းလူတွေကို လိမ်ပြီး အနီးကပ်သွင်းယူခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆာအဲလက်ဖာဂူဆန်က အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းစာရင်းကိုဝင်နိုင်တဲ့အသင်းတွေ ပိုများလာတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ချန်ပီယံဖြစ်နိုင်ချေရှိတဲ့အသင်းတွေဟာ ဒီနှစ်မှာ ပိုပြီးတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်လာနေရတယ်လို့ ပြောလိုက်ပါတယ်။

အမှတ်ပေးချန်ပီယံဖြစ်နိုင်ချေရှိတဲ့အသင်းတွေ အတော်များများပေါ်ထွက်လာတာက ၊ အမှတ်ပေးပြိုင်ပွဲတခုလုံးရဲ့ ပုံစံကို ပြောင်းသွားစေတယ်လို့ ဖာဂူဆန်က ပြောပါတယ်။ “ ထိပ်ဆုံး ၄ သင်းဟာ အတော်လေးကို ခက်ခက်ခဲခဲကစားနေရပြီးတော့ ၊ မထင်ထားတဲ့ ပွဲတွေမှာ အမှတ်တွေလျော့ကုန်တယ်ပါတယ်။ ဒါဟာ တခြားအသင်းတွေ တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်ပြီးတော့၊ ဒီရာသီမှာလည်း ထိပ်ဆုံး ၄ နေရာအတွက် အတော်လေးကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ကျနော်ထင်ပါတယ် ”

ဒါ့အပြင် “ အသင်းကြီးတွေအားလုံးအနေနဲ့ အက်စ်တွန်ဗီလာ၊ အဲဗာတန်၊ တော့တင်ဟမ် နဲ့ မန်ချက်စတာ စီးတီး တို့လို အသင်းတွေကို သတိထားရမှာဖြစ်ပြီးတော့၊ အဲဒီအသင်းတွေအားလုံးဟာ ထိပ်ဆုံး ၄ သင်းထဲကို ၀င်နိုင်တဲ့အသင်းတွေပါ ” လို့ ဖာဂူဆန်က ပြောလိုက်ပါတယ်။

This slideshow requires JavaScript.

၂၀၁၀-၂၀၁၁ အင်္ဂလန်ပရီမီယားလိဂ်ရာသီကြို ကွန်မြူနတီဒိုင်းဘောလုံးပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ဗလန်စီယာ၊ ဟာနန်းဒက်စ် နဲ့ ဘာဘတော့ဗ်တို့က သွင်းယူခဲ့ပြီးတော့၊ ချယ်ဆီးအသင်းအတွက်ဂိုးကိုတော့ ဆယ်လ်မွန်ကလူးက သွင်းခဲ့တာပါ။ ဒီပွဲမှာ ၂ သင်းစလုံးဟာ လူအင်အားအပြည့်နီးပါးထည့် ကစားသွားခဲ့သလို၊ ဒဏ်ရာသက်သာလာပြီဖြစ်တဲ့ မန်ယူတိုက်စစ်မှူးအိုဝင် နဲ့ ချယ်ဆီးအလယ်တန်းလူ မိုက်ကယ်အက်ဆီးယန် တို့ ပါဝင်ကစားသွားခဲ့ကြပါတယ်။

ချယ်ဆီးအသင်းဟာ ပွဲအစပိုင်းမှာ မန်ယူအသင်းကို ဖိအားပေးကစားသွားခဲ့ပြီး၊ မန်ယူအသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ပဲ ပြန်ပြီးထိုးဖောက်သွားခဲ့ပါတယ်။ ပထမပိုင်း ၄၁ မိနစ်မှာ ကွင်းလယ်ကနေ ပေါလ်စခိုးလ် ညာတောင်ပံကို ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ၀ိန်းရူနီက ဂိုး ရှေ့ကို ပြန်ချပေးလိုက်တာမှာ ဗလန်စီယာက ညာဝင်းကနေ ကန်လန့်ဖြတ်ပြေးဝင်ပြီးတော့ ပိတ်သွင်းခဲ့လို့ မန်ယူအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။

ဒီ ဂိုးဟာ ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်ရဲ့ အကွက်မြင်၊ ပါးနပ်မှု နဲ့ ရူနီ နဲ့ ဗလန်စီယာတို့ရဲ့ နားလည်မှုတွေကြောင့် ဂိုးရခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ၇၅ မိနစ်မှာ ဗလန်စီယာ ညာဝင်းကနေထိုးပေးတာကို၊ ဟာနန်းဒက်စ်က ပိတ်သွင်းခဲ့တာပါ။ ဒီပွဲမှာ ချယ်ဆီးနောက်တန်းဟာ မန်ယူတိုက်စစ်ကို မထိန်းနိုင်ပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်  ချယ်ဆီးဘယ်နောက်ခံလူ အက်ရှ်လေကိုလ်းဟာ မန်ယူအသင်းက ဗလန်စီယာကိုမထိန်းနိုင်သလို၊ ဂျွန်တယ်ရီဟာလည်း အကောင်းဆုံးအနေအထားမှာမရှိပဲဖြစ်နေပါတယ်။

နောက်ပိုင်းမှာ ဆယ်လ်မွန်ကလူးက ချယ်ဆီးအသင်းအတွက်  ချေပဂိုး ၁ ဂိုး သွင်းခဲ့ပေမယ့်၊ ဒဏ်ရာရအချိန်ပို ၂ မိနစ်မှာ မန်ယူတိုက်စစ်မှူး ဘာဘတော့ဗ်က ၁ ဂိုး ထပ်သွင်းလို့ ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

မန်ယူအသင်း အနိုင်ရသွားတဲ့အပေါ်မှာတော့  မန်ယူနောက်ခံလူ Chris Smalling ကတော့  “ကျနော်တို့ ဒီနေ့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ခြုံပြီး ပြောရရင်၊ ကျနော်တို့ ကစားတာ တဖြည်းဖြည်းပိုကောင်းလာပြီး၊ ဒုတိယဂိုးရလိုက်တာကလည်း ပွဲကို ထိန်းထားနိုင်စေခဲ့ပါတယ်”

ချယ်ဆီးနည်းပြ အန်ဆလော့တီကတော့ “ကျနော်တို့ကစားသမားတွေအကုန်လုံး အနားယူတဲ့အချိန်ကနေ ပြန်ရောက် တချိန်စီဖြစ်နေတာကြောင့် လေ့ကျင့်မှု လုပ်ရတာအရမ်းကိုခက်ခဲပါတယ်။ အခုချိန်ထိတော့ မဆိုးပါဘူး။ ဒါပေမယ့် ကစားတာကိုတော့ ကျနော်တို့ နည်းနည်းပြောင်းဖို့လိုပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ကစားတာအရမ်းနှေးပြီးတော့၊ မန်ချက်စတာယူနိုက်တက်အသင်းက ဒါကို အသုံးချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ အသင်းကောင်းတသင်း နဲ့ ကစားခဲ့ရပြီးတော့၊ အခုချိန်မှာ သူတို့က ကျနော်တို့ထက်သာပါတယ်”

၂၀၁၀-၁၁ ပရီမီးယာလိဂ်ပြိုင်ပွဲတွေကို လာမယ့် ၁၄ ရက်နေ့ စနေနေ့မှာ စတင်တော့မှာဖြစ်ပြီး၊ ချယ်ဆီးအသင်းက ပရီမီယာလိဂ် ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်ဖို့အတွက် ကြိုးပမ်းရမှာဖြစ်သလို၊ မန်ယူအသင်းကလည်း သူတို့ဆီကနေ လုယူသွားတဲ့ ချန်ပီယံဖလား ကို ချယ်ဆီးအသင်းဆီကနေ ပြန်ရဖို့အတွက် ၊ တခြားအသင်းတွေနဲ့အတူ အပြိုင်လုရမှာ ဖြစ်ပါတယ်။

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!