အာဆင်နယ်ဂိုးသမား မန်နျူရယ်လ် အလ်မူးနီးယား နဲ့ တိုက်စစ်မှူး အန်ဒရေ အာရှာဗင်တို့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း ၊ နည်းပြ အာဆင်ဝင်းဂါးက သူ့အသင်းရဲ့ ကစားသမားတွေကို သူ့အနေနဲ့ ထိန်းထားနိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

မန်နျူရယ်လ် အလ်မူးနီးယား (Manuel Almunia) ဟာ ပုံမှန်ပထမဂိုးသမားနေရာမရဘဲဖြစ်နေတာကြောင့် ၊ တူရကီက ဂါလာတာဆာရေးအသင်းကို ပြောင်းနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ ရုရှားတိုက်စစ်မှူး အာရှာဗင်ဟာလည်း ခြေစွမ်းမပြနိုင်လို့  ပုံမှန်နေရာမရတာကြောင့် အီတလီ ဂျူဗင်တပ်စ် အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဆိုနေပါတယ်။ ဒါပေမဲ့လည်း အာဆင်ဝင်းဂါးက အခုချိန်မှာ  ကစားသမားတွေ ရောင်းဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။